သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သိန်းအောင်နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် Jewellery Luck Co., ၏ သစ်အချောထည်စက်ရုံသို့(၂၆-၂-၂၀၀၅)တွင်လာရောက်စစ်ဆေးခဲ့ရာဝန်ကြီးမှ ”သစ်အချောထည်စက်ရုံသည် သစ်မှုန့်၊
သစ်စများ အလေအလွင့်များစွာထွက်ရှိသည့်အားလျော်စွာ အဆိုပါအလေအလွင့်များကို တန်ဖိုးရှိစွာအသုံးပြုနိုင်ရေးနှင့် စပါးခွံကဲ့သို့
Producer Gasထုတ်လုပ်၍ လျှပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများရှာဖွေစမ်းသပ်သွားရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။
 |
| လောင်စာပြုလုပ်မည့်သစ်အလေအလွင့်များ |
Jewellery Luck Co., သစ်အချောထည်စက်ရုံအနေဖြင့် ၀န်ကြီး၏လမ်းညွှန်ချက်နှင့်အညီ သစ်မှုန့်၊ သစ်စများမှ လျှပ်စစ်စွမ်းအားရရှိရေးအတွက် နည်းလမ်းများရှာဖွေ
ကြံဆ အားထုတ်ခဲ့ရာ Wood Gas ထုတ်လုပ်၍ ဒီဇယ်ဆီနှင့် ပေါင်းစပ်ကာ အင်ဂျင်လည်ပတ်၍ လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။
အဆိုပါ ရှာဖွေတွေ့ရှိချက်နှင့်အညီ Wood Gas ထုတ်၍ ဒီဇယ်နှင့်ပေါင်းစပ်ကာ
အင်ဂျင်များ စမ်းသပ်လည်ပတ်စေခဲ့ပါသည်။
 |
သစ်အလေအလွင့်များအား
ဖြတ်တောက်အမှုန့် ကြိတ်ခြင်း |
သစ်တောရေးရာဝန်ကြီးနှင့်အဖွဲ့ (၂၇-၂-၂၀၀၆) နေ့ Jewellery Luck Co., သစ်အချောထည်စက်ရုံသို့ လာရောက်စစ်ဆေးစဉ် Wood Gas ဖြင့် စမ်းသပ်လည်ပတ်နေမှုအား
ရှင်းလင်းတင်ပြခဲ့ရာ ၀န်ကြီးမှ ”ယခုထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လျှပ်စစ် စွမ်းအင် ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ရေး စက်သုံးဆီချွေတာနိုင်ရေး တို့ကို ကြိုးပမ်း
ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို ၀န်ကြီးဌာနမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း”လမ်းညွှန်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ Wood Gas ထုတ်လုပ် နိုင်မှုအား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါတွင် Wood Gas နှင့် ဒီဇယ်ဆီရောစပ်၍ အင်ဂျင်လည်ပတ်စေကာ လျှပ်စစ်စွမ်းအားထုတ်ယူပြီး သစ်အချောထည်လုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
ရည်ရွယ်ချက်
 |
လောင်စာစဉ်းဖတ်အမှုန့် များ
|
အောက်ပါ ရည်ရွယ်ချက်များများဖြင့် ဆောင်ရွက်ခဲ့ပါသည်။
| (က) |
လျှပ်စစ်စွမ်းအား အချိန်ပြည့်ရရှိနိုင်စေရန်။ |
| (ခ) |
ဒီဇယ်ဆီသုံးစွဲမှုလျော့နည်းခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေရန်။ |
| (ဂ) |
အလေအလွင့်စွန့်ပစ်ပစ္စည်းများအား တန်ဖိုးရှိစွာအသုံးချ သွားရန်။ |
| (ဃ) |
နိုင်ငံတော်နှင့် ကုမ္ပဏီ၏ အကျိုးစီးပွား ပိုမိုတိုးတက်စေရန်။ |
| (င) |
အခြားလုပ်ငန်းဌာနများသို့ နည်းပညာဖြန့်ဝေပေးရန်။ |
စွမ်းအားထုတ်ယူအသုံးပြုနည်း
|
|
မီးပေါင်းဖိုအိုး |
ကတ္တရာစစ်များနှင့်ဓာတ်ငွေ့ရေဖြန်းသန့် စင်ခြင်း
|
| |
|
|
|
စပါးခွံ၊ လွှစာမှုန့်၊ ဖော့တို့ ဖြင့် ဓာတ်ငွေ့သန့်စင်ခြင်း
|
ဓာတ်ငွေ့နှင့်လေ ရောနှောပေါင်းစပ်ခြင်း |
၅။ အောက်ပါအတိုင်း အပိုင်း(၃)ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပါသည်။
(က) အပိုင်း(၁)။ စက်တည်ဆောက်တပ်ဆင်ခြင်း။
(ခ) အပိုင်း(၂)။ ဓာတ်ငွေ့ထုတ်လုပ်ပုံအဆင့်ဆင့်။
(ဂ) အပိုင်း(၃)။ စွမ်းအားထုတ်ယူအသုံးပြုခြင်း။
၆။ အပိုင်း(၁) စက်တည်ဆောက်တပ်ဆင်ခြင်း
JLC သစ် အချောထည်စက်ရုံတွင် လက်ရှိ အသုံးပြုနေသော 90KVA, 120 KVA, 300 KVZ, 312 KVZ နှင့်350 KVA မီးစက်များအတွက် အောက်ပါအတိုင်း တပ်ဆင်တည်ဆောက်ပါသည်။
(က) လိုအပ်သောပစ္စည်းများ
| ( ၁ ) |
သစ်မှုန့်များထည့်ရန်မီးဖိုကြီး |
| ( ၂ ) |
မီးခိုးငွေ့သိုလှောင်ထုတ်ယူသည့် ကတော့ပိုက် |
| ( ၃ ) |
ရေဖြန်းသန့်စင်စနစ်ပြုလုပ်ရန် ဆလင်ဒါပိုက်အနည်းဆုံး(၃)ခု။ |
| ( ၄ ) |
ကတ္တရာစစ် Filter |
| ( ၅ ) |
ဓာတ်ငွေ့သန့်စင်ရန်အတွက် စပါးခွံနှင့်ဖော့ပြားများ။ |
| ( ၆ ) |
ဓာတ်ငွေ့စုပ် ပန်ကာ |
| ( ၇ ) |
ဓာတ်ငွေ့သိုလှောင်ကန် |
| ( ၈ ) |
ဓာတ်ငွေ့နှင့်အင်ဂျင်ဆက်သွယ်ရန်ပိုက် |
(ခ) စက်တည်ဆောက်တပ်ဆင်ခြင်း။
မြေကွက်ခန့်မှန်း (200' x 100')တွင် ပူးတွဲဖော်ပြပါပုံ အတိုင်း အဆင့်ဆင့်တည်ဆောက်ထားရှိပါသည်။
၇။ အပိုင်း(၂)၊ ဓာတ်ငွေ့ထုတ်လုပ်ပုံ အဆင့်ဆင့်
စက်လည်ပတ်နိုင်ရန်အတွက် Wood Gas ဓာတ်ငွေ့ ထုတ်လုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| အဆင့် (၁) ။ ။
|
အလေအလွင့်ပစ္စည်းများကို သေးငယ်သောအစကလေးများ ဖြစ်အောင်စင်းပြီး လွှစာမှုန့်များနှင့် ရောနှောကာ
မီးဖိုထဲသို့ ထည့် ရပါသည်။ |
| အဆင့် (၂) ။ ။
|
မီးဖိုတွင်မီးရှိုခြင်းဖြင့် ထွက်လာသောမီးခိုးငွေ့များကို ရေဖြင့်ဖြန်းပက် သန့်စင်ရပါသည်။ ထိုအခါမီးခိုး၌ ပါဝင်သော
အမှုံများ၊ အဆီများ၊ ကတ္တရာများသည် ဓာတ်ငွေ့မှ ကွဲထွက်ကျဆင်းသွားပါသည်။ |
| အဆင့် (၃) ။ ။
|
ထိုသို့ ရေဖြင့်သန့်စင်ပြီးသားဓာတ်ငွေ့များကို ကတ္တရာစစ်တွင် ဖြတ်သန်းစေပါသည်။ |
| အဆင့် (၄) ။ ။
|
ထို့နောက် လေစုပ်ပန်ကာဖြင့်စုပ်ယူ၍ ဖိသိပ်ထားသောစပါးခွံများ၊ ဖော့များကို ဖြတ်သန်းစေသောအခါ
အင်ဂျင်တွင် အသုံးပြု နိုင်လောက်သော သန့်စင်သည့် ဓာတ်ငွေ့ကိုရရှိပါသည်။ |
၈။ အပိုင်း(၃)။ စွမ်းအားထုတ်ယူအသုံးပြုခြင်း
 |
အဆင့်(၈)-ပေါင်းစပ်ထားသောဓာတ်ငွေ့ဖြင့်
အင်ဂျင်အားလည်ပတ်ခြင်း
|
အထက်ဖော်ပြပါ အတိုင်းသန့်စင်ပြီးသောဓာတ်ငွေ့များကို သိုလှောင်အိုးမှတစ်ဆင့် ပြင်ပလေနှင့်ရောကာ အင်ဂျင်သို့ ပို့ပေးခြင်းဖြင့် အင်ဂျင်၏ မူလဒီဇယ်ပေါက်ကွဲ လောင်ကျွမ်း
အားနှင့် Wood Gas တို့ရောနှောပေါက်ကွဲကာအင်ဂျင်လည်ပတ်၍ စွမ်းအားထုတ်ယူရရှိပါသည်။
၉။ Wood Gas ထုတ်လုပ်၍ စွမ်းအင်အသုံးပြုမှုအခြေအနေ
 |
အဆင့်(၉) - 300 KVA Cummins Generator ဖြင့်လည်ပတ်ခြင်း
|
JLC သစ်အချောထည်စက်ရုံမှ Wood Gas စမ်းသပ်ထုတ်လုပ်၍ စွမ်းအင်အသုံးပြုနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| (က) |
Wood Gas စွမ်းအင်ထုတ်နိုင်ရန်အတွက် စက်ကိရိယာများပြင်ဆင်ခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်း၊ ကျွမ်းကျင်
်ဝန်ထမ်းလေ့ကျင့်စုဆောင်းခြင်းအတွက်အချိန်ကာလနှစ်ခန့်ကြာမြင့်ပါသည်။ စမ်းသပ်ထုတ်လုပ်မှုကို ၂၀၀၆ခုနှစ်၊ ဇန်န၀ါရီလ ဇန်န၀ါရီလတွင် စတင်ခဲ့ပြီး မတ်လကုန်ခန့်တွင် စတင်လည်ပတ်နိုင်ခဲ့ပါသည်။ |
| (ခ) |
Wood Gas ထုတ်လုပ်ရန် ခန့်မှန်းကျစရိတ်မှာ ကျပ် (၂၀၀)သိန်းဖြစ်ပါသည်။ |
| (ဂ) |
ယခု စမ်းသပ်လည်ပတ်နေသော အင်ဂျင်၏ မူလဒီဇယ်စား နှုန်းမှာ No Load အခြေအနေ၌ တစ်နာရီ(၄)ဂါလံ ဖြစ်ပါသည်။
Full Loadအခြေအနေတစ်နာရီ (၆)ဂါလံ ဖြစ်ပါသည်။ ယခု Wood Gas ဖြင့် အသုံးပြုမောင်းနှင်သည့်အခါ No Load အခြေအနေ၌ တစ်နာရီ(၁.၄)ဂါလံနှင့် Full Load အခြေအနေ၌ တစ်နာရီ(၂)ဂါလံမျှသာ ကုန်ကျပါသည်။ သို့ဖြစ်၍ဆီစား သက်သာမှုနှုန်းထား ဆီစားသက်သာမှုနှုန်းထားမှာ No Load တစ်နာရီ လျှင် (၂ .၆)ဂါလံနှင့် No Load တစ်နာရီလျှင် (၄)ဂါလံ သက်သာပါသည်။ ဒီဇယ် ဆီသုံးစွဲမှု၊သက်သာမှုနှုန်းထားမှာ ၅၀% နှင့်အထက်ဖြစ်ပါသည်။ |
| (ဃ) |
မီးဖိုတွင်းသို့ တစ်နာရီလျှင် လောင်စာသစ်မှုန့် (၄) တင်းခန့် ထည့်ရပါသည်။ ထွက်လာသော ပြာများကို တစ်နာရီ (၄)ကြိမ်ခန့် မွှေချပေးရပါသည်။ |
၁၀။ အားသာချက်၊ အားနည်းချက်များ
(က) အားသာချက်
| ( ၁ ) |
မည်သည့် ဒီဇယ်အင်ဂျင်အမျိုးအစားမဆို အသုံးပြု နိုင်ပါသည်။ မိမိတို့စက်ရုံအနေဖြင့် စမ်းသပ်ကာလ(၆)လအတွင်း စက်၏ စွမ်းရည်ထိခိုက်မှုနှင့် စက်ပစ္စည်းများ ထိခိုက်ချို့ယွင်း ပျက်စီးမှုများ မရှိပါ။ |
| ( ၂ ) |
မိမိတို့ စက်ရုံတွင် လျှပ်စစ်ဓာတ်အား မရရှိသည့်အချိန် များတွင် Wood Gas ဖြင့် အစားထိုးလည်ပတ်ခဲ့ရာ တစ်ရက် လျှင် (၈)နာရီခန့် လည်ပတ်ရသဖြင့် ဓာတ်ဆီဂါလံ ၈ နာရီ x ၄ ဂါလံ - ၃၂ ဂါလံဖိုး သက်သာခဲ့ပါသည်။ ပြင်ပပေါက်ဈေး တစ်ဂါလံ(၃၅၀၀)ကျပ်ဈေးဖြင့် တွက်ချက်ပါက တစ်ရက်လျှင်ငွေ (၁၁၂၀၀၀)ကျပ်ခန့် သက်သာခဲ့ပါသည်။
|
| ( ၃ ) |
ဒီဇယ်အင်ဂျင် မောင်းနှင်နေစဉ် Wood Gas ထည့်လိုက်ပါက အင်ဂျင်ဆွဲအား သိသိသာသာ ပိုမိုကောင်းမွန်လာပါသည်။
|
| ( ၄ ) |
Wood Gas သည် အနံ့ဆိုးဝါးမှုမရှိခြင်း၊ Gas မှာ အရောင်ဖျော့ဖျော့ရှိခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေပါ။ |
| ( ၅ ) |
သစ်သားမှုန့်များကို မီးရှို့ရသဖြင့် ရရှိလာသောပြာများကို စိုက်ပျိုးရေးတွင် ဓာတ်မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ |
| ( ၆ ) |
ဓာတ်ဆီအင်ဂျင်အား Wood Gas ဖြင့်မောင်းလျှင် စက်စတင်နှိုးချိန်တွင် သာဓာတ်ဆီအနည်းငယ်လိုပြီး စက်လည်ပတ်အရှိန်ရ ချိန်တွင် ဓာတ်ဆီများများစားစားအသုံးပြုရန် မလိုကြောင်းစမ်းသပ်တွေ့ရှိရပါသည်။ (မှတ်ချက်-ဓာတ်ဆီအင်ဂျင်ဖြင့် စွမ်းအား ပြည့်မောင်းနှင်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်) |
 |
အဆင့်(၁၀) - 90 KVA, 350 KVA Cummins Generator ဖြင့်လည်ပတ်ခြင်း
|
(ခ) အားနည်းချက်များ
| ( ၁ ) |
ကုန်ကျစရိတ် အထိုက်အလျောက်ရှိသည်။ |
| ( ၂ ) |
ကတ္တရာသန့်စင်စနစ်မကောင်းမွန်လျှင် ကတ္တရာများဖြင့်စေးတွဲပိတ်ဆို့နိုင်ပြီး Wood Gas ပိုက်လိုင်းများပိတ်ဆို့လျှင် အင်ဂျင်
်ဆီစားနှုန်း များနိုင်သည်။ |
| ( ၃ ) |
Wood Gas ဖြင့် အသုံးပြုနေချိန်တွင် မီးဖိုမီးအားကောင်းမကောင်း Gas ထွက်အား ကောင်း၊မကောင်း Gas သန့်စင်မှုရှိမရှိ
ိစောင့်ကြည့်ရန်အတွက် ၀န်ထမ်း(၂)ဦး ခန့်ထားရှိရန် လိုအပ်ပါသည်။
|
နိဂုံး
| ၁၁။ |
သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး၏ လမ်းညွှန် ချက်နှင့် ပံ့ပိုးကူညီမှုများဖြင့် JLC သစ်အချောထည်စက်ရုံ သည်
Wood Gas ဖြင့် 120 KVA & TC9 (တရုတ်အင်ဂျင်) စက်သစ်တစ်လုံး၊ 350 KVA Cummins Volva အမေရိကန်အင်ဂျင်စက်
တစ်လုံး၊ 312 KVA Cummins Volvaတစ်လုံး၊ 300 KVA Cummins Volva တစ်လုံး၊ 90 KVA Cummins ကို စမ်းသပ်လည်ပတ်ခဲ့ရာ အောင်မြင်လျက်ရှိပြီးဖြစ်ပါသည်။ ထို့အပြင်JLC လက်အောက်ရှိ ရန်ကုန် မြို့၊ ပီနံအိတ်စက်ရုံ
တွင်လည်း Wood Gas ဖြင့် အင်ဂျင် တစ်လုံး စမ်းသပ်လည်ပတ်လျက်ရှိပြီးဖြစ်ပါသည်။ လက်ရှိ အခြေအနေတွင် ဒီဇယ်ဆီသုံးစွဲမှု ၅၀%နှင့်အထက် သက်သာမှုရရှိနေပြီ ဖြစ်ပါသည်။ ယခုထက် သက်သာမှုပိုမိုရရှိစေရေး အတွက်ထပ်မံကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
|
| ၁၂။ |
ဲJLCအနေဖြင့် Wood Gas ကို ရှာဖွေစမ်းသပ်ထုတ်လုပ်ခြင်းကြောင့် စက်ရုံ၏ ကုန်ကျစရိတ်များချွေတာခြိုးခြံနိုင်သည့်
အပြင်စွန့်ပစ်ပစ္စည်းများကိုလည်း တန်ဖိုးရှိစွာ အသုံးပြုနိုင်ခဲ့ပါသည်။ တစ်ဖက်တစ်လမ်းမှလည်း လောင်စာဆီသုံးစွဲမှု၊
နိုင်ငံခြားငွေသုံးစွဲမှု၊ ချွေတာခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ခဲ့ပါသည်။ |
| ၁၃။ |
မိမိတို့ကုမ္ပဏီအနေဖြင့် Wood Gas သုံးစွဲမှု နည်း ပညာပိုမိုမြင့်မားရေးအတွက် ရှာဖွေကြံဆလျက်ရှိပါသည်။ နည်းပညာများ ပိုမိုတိုးတက်လာပါက မိမိစက်ရုံတစ်ခုတည်း သုံးစွဲရုံသာမဟုတ်ဘဲ အခြားစက်မှုလုပ်ငန်းများသို့လည်း ဖြန့်ဝေပေးရန်
်ရည်ရွယ်ထားရှိပါကြောင်းနှင့် Wood Gas သုံးစွဲမှု ပိုမိုကျယ်ဝန်းလာစေရေးအတွက် နိုင်ငံတော်အဆင့်အထိ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ |
|